မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်



MNP ၊ မေ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင်  မြဝတီခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာရီက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အခါကြီး၊ ရက်ကြီးနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး စာရေးဆရာမ တင်အုန်းသျှင်က ဗုဒ္ဓဘုရားရှင်၏ နေ့ထူး ၊ နေ့မြတ်ဖြစ်သည့်   ကဆုန်လပြည့်  ဗုဒ္ဓနေ့   ဖြစ်ပေါ်လာရသည့်   မြတ်စွာဘုရားရှင် ဗျာဒိတ်တော်  ခံယူသောနေ့၊  ဖွားမြင်တော်မူသောနေ့၊  ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသောနေ့ဟူ၍ ထူးခြားချက်လေးမျိုး ပြည့်စုံကြောင်း၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်၍ မြန်မာလဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယလဖြစ်၍ ပြိဿရာသီဖြစ်ကြောင်း၊ ကဆုန်(ကုက)၏ အဓိပ္ပါယ်မှာ က(ရေ)၊ ဆုန်(သွန်းလောင်းခြင်း)အဓိပ္ပါယ်ရကြောင်းနှင့်  ကဆုန်လပြည့်နေ့ ရောက်တိုင်း အမြို့မြို့အနယ်နယ်ရှိတန်ခိုးကြီးဘုရားတို့၌ ကဆုန်ညောင်ရေသွန်း ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြကြောင်းကို အသိပညာပေး ဆွေးနွေးပေးသည်။


မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   ပြည်သူလူထု ဗဟုသုတရရှိစေရန်ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို (Online)မှတစ်ဆင့်    စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ကျောင်းသူ လူငယ်၊လူရွယ်များအတွက် သိသင့်သိထိုက်သည့် နေ့ထူး၊ နေ့မြတ်များနှင့် သက်ဆိုင်သည့် အကြောင်း အရာများကိုလည်း ထည့်သွင်းဆွေးနွေးပေးလျက်ရှိကြောင်း  သိရသည်။


ဇာဖြူဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)