ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်


MNP ၊ မေ  ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး   အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်အောင်နိုင်က ယာဉ်ထိန်းရဲတွေရဲ့တာဝန်ဝတ္တရားများ ကိုလည်းကောင်း၊  ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရာများကိုလည်း‌ကောင်း၊ယာဉ်တိုက်မှုအမျိုးအစားများကိုလည်းကောင်း၊ကားနှင့်ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်အချက်များကိုလည်း‌ကောင်း ၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း စသည့်ပြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)