လမ်းမတော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မေ  ၁၇

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက်  သဘာဝဘေးအန္တရာယ်ကကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့‌‌ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲတွင် လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းယုလှိုင်ဝင်းနှင့် လမ်းမတော်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး ဦးဇော်မိုးထက်တို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေထဲတွင် ရေကူးခြင်းလမ်းလျှောက်ခြင်းမပြုလုပ်ရန်၊ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊ မိသားစုဝင်များပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ကြောင်းကြားရန်၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာရန်၊ အမှိုက်များအားစနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း (သို့) မြေမြုပ်ခြင်းများပြုလုပ်ရန်၊ အန္တရာယ်ရှိနိုင်သော ဓာတ်တိုင်များ၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ ပူးပေါင်းကူညီဆောင်ရွက်ရန်၊ သဘာဝဘေး၏ နောက်ဆက်တွဲအနေဖြင့်ဖြစ်ပေါ်နိုင်သောဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကိုဂရုပြုရန်ဆွေးနွေးခဲ့ပါသည်။ 


ကျော်ဆန်းမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)