ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ


MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားလာရေး အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသော လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်မှ စေတနာသည် ပဓာနခေါင်းစဉ်ဖြင့် စတင်ဖတ်ကြား ဆွေးနွေးခဲ့သည်။


ထို့နောက် (Boook Club) အသင်းဉက္ကဋ္ဌ ဒေါ်ခြူးမြတ်ရွှေရည်မောင်မှ ပညာမြင့်အောင်မြှင့်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်အေးငြိမ်းဖြိုးမှ ကိုယ်ပိုင်စွမ်းအား တန်ဖိုးထား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်အိသဉ္ဇာအောင်က မျက်နာကြီးငယ် မခွဲခြား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment