“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ THL Networks Co., Ltd. နှင့် The Asian Union Forum တို့မှ အလှူငွေများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ THL Networks Co., Ltd. နှင့် The Asian Union Forum တို့မှ အလှူငွေများ ပေးအပ်လှူဒါန်း




MNP ၊ မေ ၂၉

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် THL Networks Co., Ltd ဥက္ကဋ္ဌ Mr. Cheong Sang-Jin က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ)  နှင့် The Asian Union Forum က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ) တို့ကို ၂၉-၅-၂၀၂၃ ရက်နေ့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ အခုကဲ့သို့ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြား၍ ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)