MNP ၊ မေ ၂
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (၂၀၂၃) အရ တည်ဆဲနိုင်ငံရေးပါတီများနှင့် အသစ်လျှောက်ထားလိုသော နိုင်ငံရေးပါတီများသည် ပြန်လည်မှတ်ပုံတင်ခြင်းနှင့် အသစ်လျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ရပ်တည်မည့် နိုင်ငံရေးပါတီနှင့် အသစ်လျှောက်ထားသော နိုင်ငံရေးပါတီများအနက်မှ (၁၀)ပါတီ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (၂၀၂၃)အရ ဆက်လက်ရပ်တည်ခွင့်နှင့် အတည်သစ်ထောင်ခွင့် တင်ပြထားသော ပါတီများအနက်မှ -
(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊
(၂) မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊
(၃) ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin)]၊
(၄) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊
(၅) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
(၆) ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)]၊
(၇) တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(T.N.D.P)၊
(၈) ရှမ်းနီ (တိုင်လျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P)၊
(၉) ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊
(၁၀) ဒီမိုကရက်တစ်ပါတီ
တို့ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုပြီး ဖြစ်ကြောင်းနှင့် တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
.svg.png)
No comments:
Post a Comment