ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့်ပျက်စီးကျိုးပြတ်သွားသော 200 KVA 100kvA ထရန်စဖော်မာ(၂)လုံး ပြုပြင်ရန် စစ်တွေမြို့သို့ သယ်ယူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့်ပျက်စီးကျိုးပြတ်သွားသော 200 KVA 100kvA ထရန်စဖော်မာ(၂)လုံး ပြုပြင်ရန် စစ်တွေမြို့သို့ သယ်ယူဆောင်ရွက်




MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၌  မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့်ပျက်စီးကျိုးပြတ်သွားသော မီးတိုင်များ၊မီးကြိုးများ၊ထရန်စဖော်မာများအားပြန်လည်ပြင်ဆင်ဆောင်ရွက်မှုများအား မြို့နယ်လျှပ်စစ်မှူးဦးအောင်ကျော်သန်းနှင့်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိပြီး ယနေ့နံနက်ပိုင်းကကျိုးပြတ်ပျက်စီးသွားသောရသေ့တောင်မြို့၊နဂါးမောက်(ထက်/အလယ်)ကျေးရွာမှ  200 KVA 100kvA ထရန်စဖော်မာ(၂)လုံး ပြုပြင်ရန် စစ်တွေမြို့သို့ သယ်ယူဆောင်ရွက်ခဲ့ကြရာ ရွာသူရွာသားများလည်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။


ရသေ့တောင်မြို့တွင် မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာလျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ထရန်စဖော်မာများပြိုပျက်ခြင်း၊ဓာတ်ကြိုးလိုင်းများပြုတ်ကျခြင်းကိုရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက်အချိန်နှင့်တပြေးညီဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်တာဝန်ခံထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)