Pages

Pages

ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ခတ်ခြင်းများ ဆောင်ရွက်



MNP ၊    ဇွန်   ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက်  အဘိတ်ဆေး ထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များ၊ ကားတာယာများအတွင်း အဘိတ်ဆေးထည့်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေးဌာနနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


နှင်းမြူလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment