Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊    ဇွန်   ၇

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးထွန်းသန့်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် အားသာချက်၊ အားနည်းချက် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက လုပ်ငန်း ဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကိုအကြံပြုဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေးတွင် ဘက်စုံသုံးခန်းမအသုံးပြုရေး ၊ ရံပုံငွေရှိရေး ၊ ရှာဖွေရေး ၊(Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ရေး       ၊ ကော်မတီ ပုံမှန်အစည်းအဝေးဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment