MNP ၊ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် အဘိတ် Abate ဆေးခတ်ခြင်းကို ဖျာပုံမြို့ အမှတ် (၁၇)ရပ်ကွက်အတွင်း ယနေ့နံနက် (၈)နာရီအချိန်က လိုက်လံဆောင်ရွက်ကြသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် အဘိတ် Abate ဆေးခတ်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးများ၊ အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများသည် ဖျာပုံမြို့အမှတ် (၁၇)ရပ်ကွက်အတွင်းရှိ ခြင်များပေါက်ပွားမှု မရှိစေရန်အတွက် ရေတင်ရှိနေသော အိုးခွက်များ၊ ကားတာယာကွင်းများ၊ ရေပုံး၊ ရေခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပြီး ရေထည့်သုံးရာရေပုံးများ၊ စည်ပိုင်းများ၊ ရေကန်များ၊ ရေစည်ပိုင်းများ၊ သောက်ရေးအိုးများအတွင်း ပိုးလောက်လန်းများမှ တဆင့်ခြင်များ ပေါက်ပွားနိုင်ပြီး၊ ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ရေပမာဏဝင်ဆံ့ရာ အနည်းအများအလိုက် အဘိတ်ဆေးအား အထုပ်ကြီး၊ အထုပ်လတ်၊ အထုတ်သေး(၃)မျိုးခွဲခြား၍ ခတ်ပေးပြီး၊ တစ်ခါခတ်ထားလျှင် (၆) လအထိခံပြီး သက်တမ်းမကုန်မချင်း ရေလှဲလှယ်သုံးစွဲပါက မူလခတ်ထားသော အဘိတ်ဆေးထုပ်အား ထပ်မံသုံးစွဲနိုင်ကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment