ပုဏ္ဏားကျွန်းမြို့၌ ATOM နှင့် We Love Rakhine တို့ပူးပေါင်း၍ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ပစ္စည်းများလာရောက်ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ATOM နှင့် We Love Rakhine တို့ပူးပေါင်း၍ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ပစ္စည်းများလာရောက်ထောက်ပံ့ပေး







MNP ၊    ဇွန်   ၂၁

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၌ မိုခါမုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ထောက်ပံ့ ပေးလျက်ရှိရာ ယမန်နေ့၊ နေ့လည်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ တော်ဝင် လခြမ်းမြေကုမ္ပဏီခြံဝင်း၌ ATOM နှင့် We Love Rakhine တို့ပူးပေါင်း၍ မုန်တိုင်းဘေး ဒဏ်သင့်ဒေသခံပြည်သူ အိမ်ထောင်စု (၆၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ လာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


   ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ATOM နှင့် We Love Rakhine တို့ပူးပေါင်း၍ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် နေအိမ်များ လုံးဝပျက်စီးသွားခဲ့သော ပုဏ္ဏားကျွန်းမြို့ နယ် သာစည်ကျေးရွာမှ အိမ်ထောင်စု (၂၀)နှင့် စံပြရပ်ကွက်မှ အိမ်ထောင်စု (၄၀)အတွက် အိမ်ထောင်စုတစ်စုလျှင် 0.42 mm Aluzinc သွပ်ပြား(၃၀)ချပ်၊ သွပ်ရိုက်သံ(၁)ပိဿာ၊ တာပေါ်လင်စ(၂၄ ပေ)ပတ်လည်(၁)ချပ်၊ ရေသန့် ဆေးပြား(၃၀)ပြား၊ ဆန်ရိက္ခာ(၂)ကိလိုဂရမ်၊ ပဲနီလေး(၃၀၀)ဂရမ်၊ အဝတ် အထည်နှင့်စားနပ် ရိက္ခာများ လာရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)