ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပသည့် BIMSTEC Business Conclave ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပသည့် BIMSTEC Business Conclave ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြား


MNP ၊ ဇွန် ၁၆

အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ မှ ၂ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး (Minister of State) H.E.Dr. Rajkumar Ranjan Singh၊ ဘင်းမ်စတက်နိုင်ငံများ၏ အတွင်းရေးမှူးချုပ် H.E. Mr. Tenzin Lekphell ၊ အိန္ဒိယနိုင်ငံကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ Mr. Mehul Mohanka နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါအဝင် ဘင်းမ်စတက်နိုင်ငံများမှ သံတမန်အကြီးအကဲများက အမှာစကားပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသော “Textiles and Garments” ဖိုရမ်နှင့် “Financial Inclusion, Technology and Regulatory Framework” ဖိုရမ် များသို့လည်း တက်ရောက်အားပေးသည်။

အဆိုပါ Textiles and Gar-ments ဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် Financial Inclusion, Techno-logy and Regulatory Frame-work ဖိုရမ်တွင် မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အတွင်းရေးမှူးချုပ် ဒေါ်ချောခင်ခင်တို့က Panelist များအဖြစ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)