ပြည်ဖျက်မီဒီယာဖြစ်တဲ့ RFA သတင်းဌန က ခင်မောင်စိုးကိုတော့ စာရေးသူအနေနဲ့ ဂျင်းခင်မောင်စိုး လို့ အမည်ပေးထားပါတယ်။ သူက တိုင်းဖျက် ပြည်ဖျက် ပေါက်ကရ ပေါက်ပန်းစေး လုပ်ကြံဖန်တီးပြီး ဂျင်းထည့်ရာမှာ ဆရာကျတဲ့အတွက် ဂျင်းခင်မောင်စိုး လို့ ကင်ပွန်းတပ်ပေးခြင်းဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင် ဖြစ်ပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး NLD ဦးဆောင်သူတွေ မပဋာမြေလူးဖြစ်နေချိန်မှာ လူငယ်တွေကို လမ်းပေါ်တွန်းတင်ခဲ့တာ မင်းကိုနိုင် ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို သူကိုယ်တိုင်ပဲ ဦးဆောင်တော့မှာလိုလို ပြည်ဖျက်မီဒီယာတွေကနေ ဝေဝေဆာဆာ ဖြန့်ဝေပြီး လှုံ့ဆော်ခဲ့ပါတယ်။ တကယ်တော့ သူက ပတ်ပြေးနေခဲ့တာပါ။ ၂၀၂၁ အခင်းအကျင်းမှာ မင်းကိုနိုင်ပြောခဲ့တဲ့ ရုပ်သံတွေ ပြန်ကြည့်ပါ။ ကားပေါ်ကနေ ပြေးရင်းလွှားရင်း လှုံ့ဆော်တယ်။ လစ်တဲ့နေရာ မှာ ကားပေါ်က ခဏဆင်းပြီး လူငယ်တွေကို ဆေးထိုးတယ်။ သူဦးဆောင်တယ်ပေါ့။
ဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်တက်လာစေဖို့၊ ခွက်ခေါက်လှုပ်ရှားမှု ပိုပြီး အသံကျယ်လောင်လာစေဖို့ အဓိက လှုံ့ဆော်ပေးခဲ့တာလည်း သူပဲ။ R2P ရဲ့ အကူအညီကို လိုချင်ရင်၊ အမေရိကန်ရဲ့ အကူအညီကို ရချင်ရင် အရှိန်လျှော့သွားလို့ မရဘူး။ လမ်းပေါ်ထွက်မရရင်တောင် ရတဲ့နေရာကနေ လက်သုံးချောင်းထောင် ခွက်ခေါက်ကြဖို့ လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ထူးခြားတဲ့ ပါရမီက တိုင်းဖျက် ပြည်ဖျက်လုပ်ရမယ့် နေရာမှာဆိုရင် သူမတူအောင် စွမ်းနိုင်တယ်။ ဒါကြောင့်လည်း အမေရိကန် က သူအဖမ်းခံရမှာစိုးလို့ အရင်ဆုံးထွက်ပြေးလို့ ရအောင် စီစဉ်ပေးပြီး အမေရိကန် နိုင်ငံကို ခေါ်သွားခဲ့တယ်။
အခုနောက်ပိုင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နေ့စဉ်နဲ့အမျှ လှုံ့ဆော်တာမျိုး မလုပ်တော့ပါဘူး။ သူ့ရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှု မှိုင်းမိနေတဲ့ PDF အကြမ်းဖက်သမားလေးတွေက သတ်ဖြတ်မှုတွေ အရှိန်အဟုန်ကောင်းနေရင် သူမလှုံ့ဆော်ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှု လျှော့ကျသွားတဲ့အခါ၊ သွေးအေးသွားပြီလို့ ထင်ရလောက်တဲ့အချိန် တစ်လတစ်ခါလောက် ထွက်ပြီး လှုံ့ဆော်ပေးပါတယ်။
သူ့ရဲ့ လှုံ့ဆော်မှု စကားလုံးတွေက မိုက်သွေးကြွစေတာဖြစ်လို့ PDF ထဲကို ရောက်နေကြတဲ့ လူငယ်တွေမှာ သံဃာတော်ကို သတ်ဖြတ်ဖို့တောင် ဝန်မလေးတဲ့ အဆင့်ထိ မိုက်လုံးထွားလာကြပါတယ်။ အခုလည်း ပြည်ပြေး ဝရမ်းပြေး မင်းကိုနိုင်က -
“ငါတို့အလှည့် ကျန်သေးတယ်” ကနေ “ငါတို့အလှည့်လာပြီ” အဆင့်တက်မယ်လို့ ကိုမင်းကိုနိုင် ပြောကြား ပါတယ်ဆိုပြီး ဂျင်းခင်မောင်စိုး က လုပ်ကြံဖန်တီးမေးမြန်းတာကို ဟန်ပါပါ မာန်ပါပါနဲ့ လှုံ့ဆော်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ PDF တွေ မိုက်သွေးကြွလာကြအုံးမှာပဲ ဖြစ်ပါတယ်။
ပြည်ဖျက်မီဒီယာ RFA ရဲ့ ဖော်ပြချက်မှာတော့ ( ပြည်တွင်းပြည်ပ ကျဆုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီက ခုခံစစ်အတွက် ပြင်ဆင်နေရချိန်မှာ တော်လှန်ရေးအင်အားစုတွေကတော့ ခုခံစစ်ကနေ အနိုင်ယူတိုက်ခိုက်တဲ့ အဆင့်ကို တက်ရောက်တော့မှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားလိုက်ပါတယ်။ “မပြီးသေးဖူး၊ ငါတို့အလှည့်ကျန်သေးတယ်” လို့ မိမိတို့ အရင်ကကြွေးကြော်ခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ “ငါတို့အလှည့်လာပြီ” လို့ ပြောင်းလဲ ကြွေးကြော်ကြတော့မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။) ဆိုပြီး ဂျင်းခင်မောင်စိုး ရဲ့ ဆက်သွယ်မေးမြန်းမှုကို တွေ့ရမှာ ဖြစ်ပါတယ်။
မင်းကိုနိုင် စကားတွေ က လက်တွေ့ ကျ/ မကျ -
R2P လာမှာ၊ အမေရိကန် က လာကူညီမှာ ဆိုတဲ့ စကားကို ယုံစားမိတဲ့ လူငယ်တွေ က မင်းတို့ ပြောတဲ့ R2P က ဘယ်နေ့ ရောက်မှာလဲလို့ ဆိုင်းဘုတ်ထောင်ပြီး မေးမြန်းခဲ့တယ်။ မင်းကိုနိုင် သာ အမေရိကန်ရောက်လို့ ဇိမ်ကျနေပြီ။ R2P က ဘယ်ဆီနေမှန်း မသိသေးဘူး။ နိုင်တော့မှာလို့ ပြောခဲ့တာလည်း အကြိမ်တစ်ရာ မကတော့ဘူး။
ကိုခေါကြီးရေ အပြစ်မဲ့ ရဟန်းရှင်းလူပြည်သူပေါင်း ၆၀၀၀ ကျော် အထိ သတ်ခဲ့ပြီးပြီပဲဗျာ။ ခင်ဗျား ကျေနပ်သင့်ပါပြီ။ ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် သေပွဲဝင်ခဲ့ရတဲ့ PDF လေးတွေ ခမျာလည်း သနားဖို့ ကောင်းလှပါပြီ။ ခင်ဗျားက အဝေးမှာဆိုတော့ သစ္စာဆိုပြီးတော့ ခင်ဗျားကို ပြောချင်တယ်ဗျာ -
မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများထံမှ ငွေကြေးအထောက်အပံ့ယူပြီး အပြစ်မဲ့ ရဟန်းရှင်ပြည်သူတွေကို သေကြောင်းတဲ့သူ အသေဆိုးနဲ့ သေပါစေ။ သွားလေရာ လာလေရာ ဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် သွားခေါပါစေ။
ခင်ဗျားက ပြည်သူတွေ သေကြောင်းကြံနေတာဆိုရင် ခင်ဗျားခံ၊ ကျွပ်အနေနဲ့ ပြည်သူတွေကို သေကြောင်းကြံမိရင် ကျုပ်ခံရပါစေ။
နောင်တော်လေး (ဘိုကလေး)

No comments:
Post a Comment