ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊    ဇွန်   ၂၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)  ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း (Book Club)၊ (Woman Club)၊ (Youth Club)၊တို့ ပူးပေါင်း၍ စာရေးဆရာ ဒဂုန်တာရာရေးသားသည့် “လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက  စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း  ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  (Book Club)အဖွဲ့ဝင် ဦးတင်ထွန်း ဦးက “ယနေ့လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် ဦးပြည့်ဖြိုးမောင်က “ယဉ်ကျေးမှုတန်ဖိုး” ခေါင်စဉ် ဖြင့်လည်းကောင်း၊ (Woman Club)  အဖွဲ့ဝင် ဒေါ်မေသွယ်သွယ်အောင်က “လူငယ်တွေလက်ခံနေတဲ့ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး  တက်ရောက်လာကြသည့်   စာပေချစ်သူများက  စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ  စာဖတ်ဝိုင်းဆွေးနွေးပွဲများကို  ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့်  အလေ့အကျင့်  ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား  မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)