မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် မြန်မာ့ဆေးဝါးလုပ်ငန်းမှထုတ်လုပ်သော ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ဆေးဝါးများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် မြန်မာ့ဆေးဝါးလုပ်ငန်းမှထုတ်လုပ်သော ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ဆေးဝါးများ ပေးအပ်လှူဒါန်း



MNP ၊ ဇွန် ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်းနှင့် ရေတွင်းလမ်းထောင့်ရှိ ဝင်းသူဇာအရောင်းဆိုင်သို့လည်းကောင်း၊ ဆတ်ရိုးကျရပ်ကွက်ရှိ စစ်တွေခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးသို့လည်းကောင်း သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် MSME လုပ်ငန်းများဖြစ်ကြသည့် ဆတ်ရိုးကျ စက်မှုရပ်ကွက်ရှိ “ရွှေငါး” မုန့်မျိုးစုံလုပ်ငန်း၊ ကျားမသောက်ကျေးရွာရှိ “ရွှေကျား” ရက်ကန်းလုပ်ငန်းနှင့် အောင်မင်္ဂလာမြောက်ရပ်ကွက်ရှိ “သန့်သန့်လေး”ဆီစက်ရုံများသို့သွားရောက်ပြီး မုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့်အတူ ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်။


ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ မိုခါမုန်တိုင်းကြောင့် MSME လုပ်ငန်းများပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် မူလအခြေအနေအတိုင်း လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ကူညီပံ့ပိုးနိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများအတွက် မှတ်ပုံတင်မှုဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်ထံ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ငွေကျပ်သိန်း ၁၀၀တန်ဖိုးရှိ ဆေးဝါးခုနစ်မျိုးကို ပေးအပ်လှူဒါန်းသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဝန်ထမ်းများအတွက် ငွေကျပ် ၇၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)