MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့၊ နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီးရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီးဝေတိုးသူနှင့်သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေ ရောဂါကုဆရာဝန်ကြီးတို့က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သံဃာတော်များနှင့် အလယ်စု၊ ရွာဟောင်းရပ်ကွက်အတွင်းရှိ နာမကျန်းဖြစ်နေသူများ ကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment