Pages

Pages

အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်


MNP ၊    ဇွန်   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာန (၈)ခုတွင် ယနေ့ နံနက် (၆) နာရီတွင် ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများက လာရောက်ကြည့်ရှု လျက်ရှိသည်။


အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၈)ခုမှ ဖြေဆိုသူ စာရင်းရှိ (၇၃၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၈၉)ဦး၊ အောင်မြင်သူ (၅၁၀)ဦးရှိကာ (၆)ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၈၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၂၆) ဦး၊ ရိုးရိုးအောင်မြင်သူ (၂၀၆)ဦးရှိ၍ အောင်မြင်မှုရာခိုင်နှုန်း ( ၇၄.၀၂) ရှိကြောင်း သိရသည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment