Pages

Pages

ကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာများရင်းများ ထုတ်ပြန်ကြေညာ


MNP ၊    ဇွန်   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အင်ဒိုင်းကြီးတို့တွင် အောင်စာရင်းများကြေငြာထားကြောင်း သိရသည်။


ကလေးမြို့နယ်တွင် ၂၀၂၃ နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃) ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်း သူ (၉၀၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာအနက် (၆၀၄)ဦးအောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နူန်း(၆၆.၄၅)ရရှိပြီး (၆) ဘာသာ(၆)ဦး၊ (၅) ဘာသာ(၆)ဦး၊ (၄) ဘာသာ(၁၀) ဦး၊ (၃) ဘာသာ(၃၀)ဦး၊ (၂ )ဘာသာ (၄၅)ဦး၊ (၁) ဘာသာ (၁၃၃) ဦးနှင့် ရိုးရိုး (၃၇၄)ဦး တို့ပေါ်ထွက်ခဲ့ကြောင်းသိရသည်။


မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၉ ရက်နေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Websiteဖြစ်သော www.myanmarexam.org တွင်ထုတ်ပြန်ကြေညာထားခဲ့ပြီး၊ ကလေးမြို့နယ်အနေဖြင့် အောင်စာရင်းလာကြည့်သူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ကြည့်ရှုနိုင်ရန်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment