နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်းဝင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်းဝင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ




MNP ၊    ဇွန်   ၂၂

နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၈၀) တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း နေပြည်တော်သစ်ထုတ်ရေးဒေသမှ ဇွန် ၂၁ ရက်၊ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်းသိရသည်။


မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတတ်ရေးဒေသမှ ဦးလှမျိုးဦး မန်နေဂျာ (အုပ်ချုပ်နှင့်စီမံခန့်ခွဲရေး) ဦးလင်းဇော်ခိုင် (မန်နေဂျာ) တို့ ဦးဆောင်၍ နယ်တာဝန်ခံများ၊ ရုံးဝန်ထမ်းများ၊ ငလိုက်စခန်းသာဆင်စခန်းမှ ဝန်ထမ်းများစုပေါင်း၍ ၂၀၂၃ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲအဖြစ် တမလန်း၊ မဟော်ဂနီ၊ မယ်ဇလီ၊ ဆီသပြေစသည့် နှစ်နှစ်သားအရွယ်၊ နှစ်ပေအထက်သစ်ပင်မျိုးများကို  (၂၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း၊ ငလိုက်ကြိုးဝိုင်းသည် ငလိုက်ဆည်၏ ရေဝေရေလဲများ စီးဆင်းရာ အဓိကကြိုးဝိုင်းဖြစ်ခြင်းကြောင့် သဘာဝမြေဆီလွှာနှင့် သစ်ပင်ဇီဝမျိုးစုံထိန်းသိမ်းရေးအတွက် ရည်ရွယ်ကာစိုက်ပျိုးခြင်းဖြစ်ကြောင်း ဦးလင်းဇော်ခိုင် (မန်နေဂျာ) မှပြောကြားသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)