မက်မန်းမြို့၌ တောင်ယာမိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့၌ တောင်ယာမိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်း





MNP ၊    ဇွန်   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်ရှိ ဒေသခံတောင်သူလယ်သမားများ၏ တောင်ယာမိုးစပါးများစိုက်ပျိုးရာ တောင်ယာစပါးသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။  


“တောင်ယာစပါးကို မေလဆန်းပိုင်းထဲမှာ စတင်စိုက်ပျိုးကြကြောင်း၊ တောင်သူအချင်းအချင်း သူ့အလှည့်ကိုယ့်အလှည့် လက်စားသဘောဖြင့် ဝိုင်းဝန်းစိုက်ပျိုးကြသည့် အလေ့အထကပိုများကြောင်း၊ နေ့စားအလုပ်သမားဖြင့် စိုက်ပျိုးသည့် အလေ့အထကနည်းပါးကြောင်း၊ လက်စားသဘောဖြင့် ကူညီကြသည့်အတွက် အချင်းချင်းပိုမိုစည်းလုံးညီညွတ်စွာ စိုက်ပျိုးကြရ၍ ပိုအဆင်ပြေကြောင်း၊ မက်မန်းခရိုင်သည် တောတောင်ထူထပ်သည့် ဒေသဖြစ်သည့်အတွက် လယ်မြေရှိသော်လည်း နည်းပါးကြောင်း၊ တောင်ယာလုပ်ငန်းကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း၊ တောင်ယာစပါးသည် ကောင်းကင်မှရသည့် သဘာဝမိုးရေဖြင့် မြေဆီ၊ မြေဩဇာအသုံးပြုရခြင်းမရှိဘဲ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသဖြင့် တောင်သူများ ဒေသဝမ်းစာစပါးအား သဘာဝကပေးသည့် အော်ဂဲနစ်ဆန်များ စားသုံးကြရကြောင်း၊ နှစ်စဉ်နိုဝင်ဘာလ၌ တောင်ယာစပါးများ စတင်စုပေါင်းရိတ်သိမ်းကြကြောင်း၊ ဒေသဝမ်းစာဖူလုံမှုရရှိစေရန် တောင်ယာစပါးကို အဓိကစိုက်ပျိုးကြကြောင်း” ဒေသခံလားဟူတိုင်းရင်းသားတဦးထံမှ သိရသည်။


မက်မန်းမြို့နယ်တွင် “ဝ”၊ လွယ်လှ၊ လားဟူ၊ ရှမ်း၊ မွန်နိုး၊ ဗမာ စသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြပြီး အများစုသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ တိုင်းရင်းသားတောင်သူများအနေဖြင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသည့် တောင်ယာစပါးများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အေးဝင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)