MNP ၊ ဇွန် ၁၅
ပြည်မြို့နယ်အတွင်းရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား တရားဝင်ခွင့်ပြုချက်ဖြင့် အသုံးပြုသည့် လုပ်ငန်းများအား တာဝန်ရှိသူများက ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်မူးဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ (ပြည်) ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး (ပြည်) ဒုရဲမှူးကြီးဇော်နိုင်ထွန်း၊ အမှတ်(၃၇) မူးယစ်တပ်ဖွဲစုမှူး(ပြည်) ရဲမှူးမျိုးမင်းနှင့် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ (ပြည်) ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တင်လတ်၊ မြို့နယ် ပညာရေးမှူး နော်အေးမေ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့်၊ အမှတ်(၃၇)မူးယစ်တပ်စုမှူးရုံး (ပြည်) ဒုရဲမှူးကျော်လင်းထက်နှင့် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကားကွယ်ရေးအဖွဲ့ဝင်များက ပြည်မြို့နဝဒေးရပ်ကွက် စက်မှုဇုန်အတွင်းရှိဘက်ထ္ထရီနှင့် အက်စစ်ကွန်ပေါင်း လုပ်ငန်းများအပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများကို တရားဝင်ခွင့်ပြုချက်ဖြင့် အသုံးပြုသည့်လုပ်ငန်းများအား သတ်မှတ်ထားသော ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကိုစိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment