MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆)၊ နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာအုပ်စုတွင် ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှု ဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာ အုပ်စုတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေပြင်းဒဏ်ခံစားခဲ့ရသောပြည်သူများအား ဆေးကုသမှု အခက်အခဲမရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့်ဆေးဝါးများနှင့် ဆေးကုသပေးမှုများ (အခမဲ့) ဆောက်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment