MNP - ဇွန် ၂၀
အာဆင်နယ်အသင်းဟာ အဓိကပစ်မှတ်ဖြစ်တဲ့ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူပြီးပါက မကြာခဏဒဏ်ပြဿနာတွေ ရုန်းကန်နေရတဲ့ ဝါ၇င့်ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ရောင်းချသွားဖို့ စဉ်းစားနေကြောင်း သိရသည်။
အဆိုပါ အသက် ၃၀အရွယ် ဂါနာသားကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို အာဆင်နယ်အသင်း နားစွင့်နေပြီး သင့်တင့်တဲ့ပမာဏရရှိပါက ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားသည်။
အာဆင်နယ်အသင်းနှင့် သောမတ်စ်ပါတေးတို့ရဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၅ခုနစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်ချက်မရှိတော့ပေ။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment