MNP ၊ ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူကလေးများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာများသင်ယူလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများစုစုပေါင်း ၆၁ ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ကျောင်းသားလူငယ်(၇၉၈၉)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသားလူငယ်(၉၇၄)ဦးနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသားလူငယ်(၁၂၀၂)ဦး စုစုပေါင်း ကျောင်းသားလူငယ်(၁၀၁၆၅)ဦး တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမဖွင့်လှစ်နိုင်သေးသော အခြေခံပညာကျောင်းများကိုလည်း ကျောင်းဖွင့်လှစ်၍ စာသင်ကြားသွားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းမအပ်နိုင်သေးသော ကျောင်းသား/ကျောင်းသူများကိုလည်း ဇွန်လကုန်အထိ နောက်ဆုံးထား၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment