မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများအား အင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ၊ လမ်းမီးများ ထွန်းညှိဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများအား အင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ၊ လမ်းမီးများ ထွန်းညှိဆောင်ရွက်ပေး




MNP ၊ ဇွန် ၈

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြိုအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တိုတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၁၁/ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအပါဝင် ၆၆ ကေဗွီ ဓာတ်အားလိုင်းများ၊ ၃၃ ကေဗွီဓာတ်အားလိုင်း များ ထိခိုက်ပျက်စီးခဲ့၍ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊  ဘူးသီးတောင်၊ မောင်တော၊ မြေပုံနှင့် ပေါက်တောမြို့များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ပိုင်းဒေသရှိ မြို့နယ်များလျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိ‌ရေး ဓာတ်အားလိုင်း ပြန်လည်ပြင်ဆင် ရေးအဖွဲ့များ စေလွှတ်၍ သက်ဆိုင်ရာမြို့နယ်ရုံးနှင့် ဓာတ်အားခွဲရုံအဖွဲ့တို့ဖြင့် ပူးပေါင်းပြီး အင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇွန် ၇ ရက်တွင် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း ပြင်ဆင်ခြင်းလုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီးဖြစ်သဖြင့် ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှ ပင်မထရန်စဖော်မာ သို့ ဓာတ်အား ဆက်လက်ပို့လွှတ်ခဲ့ကာ၊ ၎င်းထရန်စဖော်မာမှ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တို့သို့ ဓာတ်အားစတင် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်တွေမြို့၊ မြို့ပေါ် မိန်းလမ်းမကြီးတလျှောက် မေ ၂၅ ရက်နေ့မှ စတင်၍ ကားကြီးဝန်း-မီးစက်ကြီးဝိုင်း၊ မီးစက်ကြီးဝိုင်း-နာရီစင်၊ နာရီစင်- ဘီလူးမ တံတား၊ ဘီလူးမတံတား-ဆတ်ရိုးကျတံတား လမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီထိ လမ်းမီးများကို ၅၀၀ ကေဗွီအေ မီးစက်အသုံးပြု၍ ထွန်းညှိပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘထ္တရီ အားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် ကားကြီးဝန်း၊ မီးစက်ကြီးဝိုင်း၊ လောကနန္ဒာဘုရားရှေ့၊ မြို့နယ်အခွန်ရုံးရှေ့၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ လေယာဉ်ကွင်း လမ်းဆုံနှင့် ဘီးလူးမ တံတားထိပ် စသည့်နေရာများတွင် Charging Point နေရာများ ထပ်တိုးစီစဉ်ဆောင်ရွက်ပေးထား လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)