သထုံမြို့၊ ဝါးပါးတပ်ဦးကျောင်းဆရာတော်၏ (၁)လပြည့် ရည်မှန်းကုသိုလ်နှင့် ကျောင်းထိုင်အသစ်တင်မြှောက်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၊ ဝါးပါးတပ်ဦးကျောင်းဆရာတော်၏ (၁)လပြည့် ရည်မှန်းကုသိုလ်နှင့် ကျောင်းထိုင်အသစ်တင်မြှောက်ပူဇော်ပွဲကျင်းပ





MNP ၊    ဇွန်   ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာရှိ ဝါးပါးတပ်ဦးကျောင်းတိုက်မှ ဘ၀နတ်ထံစံလွန်တော်မူပြီးဖြစ်တော်မူသော ကျေးဇူးတော်ရှင် ဆရာတော်ကြီး ဘဒ္ဒန္တ ဣန္ဒက မဟာထေရ်၏ (၁)လပြည့် ရည်မှန်းကုသိုလ်တော်နှင့် ကျောင်းတိုက်အတွက် ကျောင်းထိုင်ဆရာတော်အသစ် တင်မြှောက်ပူဇော်ပွဲကို ယနေ့ နံနက်က အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပိဋကတ္တရပါရဂူ ဘဒ္ဒန္တသုမနာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ထို့နောက်ဘ၀နတ်ထံပျံလွန်တော်မူပြီးသော ၀ါးပါးတပ်ဦးကျောင်းဆရာတော်ဘဒ္ဒန္တ ဣန္ဒက အားရည်စူး၍ သထုံမြို့နယ်အတွင်း ပရိယတ္တိ‌စာသင်တိုက်ကြီး (၄)တိုက်နှင့်၊ အနှိုင်းမဲ့မေတ္တာသွေးနှင့် အောက်စီဂျင်လူမှုကူညီရေးအသင်း၊ သု၀ဏ္ဏဘူမိပရိယတ္တိသသနဟိတအသင်းတို့သို့ ငွေပင်ငွေရင်းအဖြစ်(၁၀)သိန်းကျပ်စီကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များရွတ်ဖတ်ပွားများပေးကြကာ အလှူရှင်တို့က ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အားလှူဖွယ်၀တ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်တို့က ဝါးပါးတပ်ဦးကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အဖြစ် အရှင်သုန္ဒရ(သသနာ့ဓမ္မာစရိယ B.A,M A Buddhism)အား တင်မြှောက်ခဲ့ကြပြီး ဆရာတော်ကြီးများကဆုံးမဩဝါဒများ မိန့်ကြားခြင်း ကျောင်းထိုင်ဆရာတော်အသစ်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့အား ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာသူတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး၀ေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)