ဘောဂလိဒေသထွက်မင်းကွတ်သီးများ ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘောဂလိဒေသထွက်မင်းကွတ်သီးများ ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ



MNP ၊    ဇွန်   ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းများနှင့် ဉယျာဉ်ခြံမြေလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မင်းကွတ်သီးစိုက်ပျိုးသည့်လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် မင်းကွတ်သီးများဈေး ကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။


မင်းကွတ်ပင်ကို မိုးဦးကျဇွန်လဆန်းတွင် စိုက်ပျိုးနိုင်ပြီး ရေရရှိပါက နိုဝင်ဘာလမှ ဇန်နဝါရီအထိ စိုက်ပျိုးနိုင်ကြောင်း၊ အခြားသစ်သီးဝလံများကဲ့သို့ မျိုးပွားနည်းဖြင့်ဆောင်ရွက်ရန် ခက်ခဲကြောင်း၊ အစေ့မှ သာပျိုးပြီး ပျိုးခင်းတွင်နှစ်ချို့မွေးကာ အနည်းဆုံး(၂)နှစ်သား (၂)ပေခန့်ရှိမှ စိုက်ပျိုးသင့်ကြောင်း၊ ကျန်းမာသန်စွမ်းသော မင်းကွတ်ပျိုးပင်ကို မြေနှပ်ထားသော ကျင်းတွင်မြေလုံးမပျက် စိုက်ပျိုး၍ အနည်းဆုံး (၇)ရက် တစ်ကြိမ်ရေသွင်းရကြောင်း မင်းကွတ်စိုက်ပျိုးသည့် ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။


ဘောဂလိဒေသထွက်မင်းကွတ်သီးသည်ယခင်နှစ်တွင်တစ်လုံးလျှင်(၂၀၀)ကျပ်သာရရှိပြီး ယခုနှစ်တွင် ဒေသပေါက်ဈေး (၅၀၀)ကျပ်ဖြင့် တောင်ငူဒိုင်များသို့သွားရောက်ပြီး ရောင်းချရသောကြောင့် ဈေးကောင်းရရှိကာ ဝင်ငွေတိုး၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။


မူးလာလာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)