ဗိုလ်မှူးချုပ် ဆန်နီအုန်း ပေါက်တောမြို့ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအားသွား ရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်မှူးချုပ် ဆန်နီအုန်း ပေါက်တောမြို့ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအားသွား ရောက်ကြည့်ရှု






MNP ၊    ဇွန်   ၆

အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှု ကြောင်း ပေါက်တောမြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်း နှင့် တာဝန်ရှိသူများသည် ယ​ေန့ နံနက်ပိုင်းတွင် ပေါက်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို  ​ကြည့်ရှုအားပေးစကားပြောကြသည်။


ထို့်နောက် ဌာနဆိုင်ရာများ နှင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစွာ ဗိုလ်မှူးချုပ် ဆန်နီအုန်း က ပေါက်တောမြို့ သန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်စေရန်ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး  မိုခါ မုန်တိုင်း တိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ဆောက်လုပ်ဆဲအခြေအနေ နှင့် မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်နိုင်မှုများတင်ပြသည်။ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းမုန်တိုင်​​း​ကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပြီးစီးမှုအခြေအား ရှင်းလင်းတင်ပြရာ တင်ပြချက ်များ နှင့် စပ်လျဉ်း၍  လိုအပ်သည်များကို ဗိုလ်မှူးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)