ခိုလမ်မြို့၊ အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့၊ အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်




MNP ၊    ဇွန်   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက်(၁၀:၃၀) အချိန်တွင် အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က ကျောင်းသားများ သိရှိနားလည်ထားသင့်သည့် မူးယစ်ဆေးဝါးအကြောင်းများ၊ မူးယစ်ဆေးကြောင့် လမ်းမှားရောက်နေသော လူငယ်များအကြောင်း၊ မူးယစ်ဆေးဆွဲနေသူ တစ်ယောက်၏ ရောဂါလက္ခဏာများစသည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်နိုင်စေရန် အသိပညာပေး ဟောပြောပေးခဲ့သည်။


ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။


နေလင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)