MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ဇွန်လ(၁၅)ရက်နေ့ကမြို့နယ်အတွင်းရှိ စုရပ်များ၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်(ထပ်ဆောင်း) ကာကွယ်ဆေး Booster ဆေးထိုးနှံပေးရာ စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ(၉)ဦး၊ ပဉ္မမအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ (၃၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါကနာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment