MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ရှောင်ရှားနိုင်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ ရှိပြီးလူမှုဘဝ ထိခိုက်စေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်းကို ဟောပြေခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ရှောင်ရှားနိုင်သည့် နည်းလမ်းများ မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများ အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများကို တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအား ရှင်းပြခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment