မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းလုပ်ငန်း ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းလုပ်ငန်း ပြီးစီး


MNP ၊    ဇွန်   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အလယ်ရပ်ကွက်တွင် ပြည်သူများ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းရာ ယမန်နေ့က ပြီးစီးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းခင်းရာတွင် ရပ်ကွက်နေပြည်သူများက မိမိတို့တတ်နိုင်သော ငွေအား ကိုယ်စီထည့်ဝင်ကြပြီး လုပ်အားကိုလည်း တစ်ရက်လျှင် (၂၀)ဦးခန့် အလည့်ကျ နေ့စဉ်ပူးပေါင်း ဆောင်ရွက်ခဲ့‌ကြောင်း၊ အခြားအလှူရှင်များကလည်း ဘိလပ်မြေ၊ သဲနှင့် ငွေများကို ပါဝင်လှူဒါန်းကြကြောင်းနှင့် နေ့စဉ်လုပ်အားပေးသော ပြည်သူများကိုလည်း အချိုရည်အလှူရှင်များလည်း လှူဒါန်းကြကြောင်းကို အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လွင်ထံက သိရပြီး ကွန်ကရစ်လမ်းအထူ (၆)လက်မ၊ အကျယ် (၁၀)ပေ၊ အရှည် ပေ(၃၀၀)ခန့်ကို အချိန်(၄)ရက်ဖြင့် အပြီးခင်းနိုင်ခဲ့ကြောင်း သိရသည်။


ဇော်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)