ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီအုန်းပင်စိုက်ပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီအုန်းပင်စိုက်ပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအား ကြည့်ရှုအားပေး







MNP ၊    ဇွန်   ၁၄

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့အဝင် ပင်လယ်ကမ်းခြေနေရာ၌ ကျင်းပပြုလုပ်သည့် မိုးရာသီ အုန်းပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ 


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့အဝင် ပင်လယ် ကမ်းခြေနေရာ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီအုန်းပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အုန်းပျိုးပင်ပေါက် ၁၀၀၀ ပင်အား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ဂုံးချွိန် ကျေးရွာရှိ ဂုံးချွိန်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော် ဘဒ္ဒန္တ ခေမာစာရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ၎င်းကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆန်၊ရိက္ခာခြောက်များ ထောက်ပံ့ပေး အပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)