ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊    ဇွန်   ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်များမှ အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်မှုတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှု အားနည်းသဖြင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးမေသည့်အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူစာရင်းများအား ပညာရေးဌာနအနေဖြင့် ကြိုတင် ပြုစုပေးထားရန်နှင့် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များ အတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ မြို့ရွာလုံခြုံရေးအတွက် အသိနှင့်သတိရှိကြရန်လိုအပ်ကြောင်း၊ ဧည့်စာရင်းများစစ်ဆေးခြင်းများကိုလည်း အမြဲဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)