မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာ ပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာ ပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ


MNP ၊    ဇွန်   ၁၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာချမ်းမြေ့အေးတို့က ဦးဆောင်ဆွေးနွေးကြပြီး စာပေဖတ်ရှုခြင်း၏အကျိုး‌ ကျေးဇူးများ ပြားကြောင်း၊ စာပေသည်လူသားတို့အတွက် အသိပညာဗဟုသုတသာမက အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပါကြောင်း၊ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်လာမည့် လူငယ်များအတွက် စာပေဖတ်ရှုခြင်းကို တွန်းအားပေးရန်လိုအပ်ပါကြောင်း၊ ယခုကာလ ကျောင်းဖွင့် ရာသီများတွင် ကျောင်းများသို့ စာပေဖတ်ရှုမှုမြှင့်တင်ရေးအတွက် ပညာရေးနှင့် ဌာနများပူးပေါင်း ဟောပြောရာတွင် မိမိတို့ စာရေးဆရာများကလည်း အားတက်သရောပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ စာပေမှရရှိသောဗဟုသုတများဖြင့် စာစီစာကုံး၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ အစရှိသည့်ပြိုင်ပွဲများ မကြာခဏကျင်းပပေးခြင်းဖြင့် စာပေဖတ်ရှု မှတ်သားမှုကို အထောက်အကူပြုပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာ၊ ကိုယ်ကျင့်တရားကောင်းမွန်သော လူငယ်လူရွယ်များ ဖြစ်လာပါစေကြောင်းနှင့် လူငယ်များဖတ်ရှုသင့်သည့် စာအုပ်စာပေများအကြောင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)