ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီနှိမ်နင်းရေးဉပဒေ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီနှိမ်နင်းရေးဉပဒေ အသိပညာပေးဟောပြောပွဲကျင်းပ







MNP ၊    ဇွန်   ၂၃

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မဟာပညာကျော် ခန်းမတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဉပဒေနှင့်အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့်အမှာ စကားများပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးလွင်က လူကုန် ကူးမှုတားဆီနှိမ်နင်းရေးဉပဒေပါ ပြစ်မှု ပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ သည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “လူသည် ရောင်းကုန်မဟုတ်ပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား လူငယ်များ သိသင့်သိထိုက်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဉပဒေပြဌာန်းချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။ 


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)