MNP ၊ ဇွန် ၁၄
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့်ပိတ်ထားရသောမြို့မစျေးကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချခွင့်ပြုရာ စျေးရောင်းစျေးဝယ်သူများနှင့်စည်ကားလျှက်ရှိသည်။
ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် တစ်မြို့လုံးနီးပါးပျက်စီးမှုဆုံးရှုံးမှုများခဲ့ရာ မြို့မစျေးလည်းအပါအဝင်ဖြစ်သည်။
အပျက်အစီးအမှိုက်သရိုက်များအား ဆိုင်ပိုင်ရှင်များနှင့်မြို့နယ်စည်ပင်ဝန်ထမ်းများမှဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စည်ပင်ဝန်ထမ်းများမှအမှိုက်သိမ်းကားများဖြင့်လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြန်လည်ပြုပြင်တည်ဆောက်ရေးများဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့မှာအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်းတာဝန်ရှိသူထံမှသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment