နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၉၉)ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၇၀၄၂) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၉၉)ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၇၀၄၂) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ




MNP ၊ ဇွန် ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၅၇) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း စုစုပေါင်း (၂၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်းအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၁၄) ကျောင်း၊ စုစုပေါင်း (၇၉၉) ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၇၀၄၂) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များအညီနှင့်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၂၂၉၃၃၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတန်းစာအုပ်များ အခမဲ့ထုတ်ပေးပြီး ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး စသည့်ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားကြသည်။

ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်မှူးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)