မာန်အောင်မြို့နယ်ခအုန်းမော်ကျေးရွာအုပ်စု၊ဗောဓိကုန်းကျေးရွာအမော်၌ မိုးရာသီ လေကာတန်း အုန်းပင် စုပေါင်းစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်ခအုန်းမော်ကျေးရွာအုပ်စု၊ဗောဓိကုန်းကျေးရွာအမော်၌ မိုးရာသီ လေကာတန်း အုန်းပင် စုပေါင်းစိုက်ပျိုး






MNP ၊    ဇွန်   ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေး  ရွာအုပ်စု၊ဗောဓိကုန်းကျေးရွာအမော်၌ မိုးရာသီ လေကာတန်း အုန်းပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် ၇ နာရီကအဆိုပါကျေးရွာပင်လယ်ကမ်းနားအမော်၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


     ထိုသို့ စိုက်ပျိုးခြင်းကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကာ ခအုန်းမော်ကျေးရွာအုပ်စု၊ဗောဓိကုန်းကျေးရွာအမော်၌လေကာတန်း အုန်းပင်(၁၀၀)

ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များက စိုက်ပျိုးရန် ရောက်ရှိလာရောက်သူများအား ပေးအပ်ကာ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


   အဆိုပါ လေကာတန်း အုန်းပင် စိုက်ပျိုးရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်း(၁၅၀)ဦးခန့် ကစုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)