Pages

Pages

ရွှေတောင်မြို့တွင် ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအားစျေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချ





MNP ၊    ဇွန်   ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ယမန်နေ့ နံနက်ပိုင်းကဒေသခံပြည်သူများအားစျေးနှုန်းသက်သာစွာဖြင့်  စားအုန်းဆီများရောင်းချပေးခဲ့ကြောင်းသိရသည်။


           အဆိုပါ ဆီများရောင်းချရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ဆီလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်ရှိ ဒေသခံပြည်သူများသို့ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီ( ၁)ပိဿာလျှင် ( ၄၈၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၀၀) အတွက် တစ်အိမ်ထောင်လျှင် ( ၁) ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment