Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မြို့တွင်းထရန်စဖော်မာလိုင်းများကို စစ်ဆေးစီစစ်လျက်ရှိ





MNP ၊    ဇွန်   ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေး အတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား(၅၇၆)ဦးဖြင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားတိုင်များအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ လျှပ်စစ် မီးရောက်ရှိခဲ့ပြီး၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူနှင့်ဝန်ထမ်းများက မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေးစီစစ်လျက်ရှိသည်။


       ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းမှ ကျွမ်းကျင် ဝန်ထမ်းများက ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်း ထရန်စဖော်မာလိုင်းများ၊ လျှပ်စစ်ဓာတ်အား တိုင်များမှ နေအိမ်အဆောက် အဦးများ၊ ရုံးဌာနများသို့ သွယ်တန်းထားသောဓာတ်အားကြိုများ ပြတ်တောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးစီစစ်ခဲ့ကြသည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လျှပ်စစ်တာဝါတိုင်အမှတ်(၄၂၄)နှင့် (၄၂၅)တို့ ပြိုကျပျက်စီးခဲ့ရာ  ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းတွင် ကျိုးကျခဲ့သောကွန်ကရစ်ဓာတ်တိုင် ၁၀၆ တိုင်ကို အစားထိုးပြုပြင်ပြီးစီးခဲ့ပြီး၊ ယခုအခါ ပုဏ္ဏားကျွန်းမြို့ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံမှတစ်ဆင့် မြို့တွင်းသို့(၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment