ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအားစျေးနှုန်းသက်သာစွာဖြင့် ဘဲဥနှင့်စားအုန်းဆီများရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအားစျေးနှုန်းသက်သာစွာဖြင့် ဘဲဥနှင့်စားအုန်းဆီများရောင်းချ





MNP ၊    ဇွန်   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်ရှိဒေသခံပြည်သူများအားယမန်နေ့ နံနက်ပိုင်းကစျေးနှုန်းသက်သာစွာဖြင့် ဘဲဥနှင့်စားအုန်းဆီများရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါ ဘဲဥနှင့်စားအုန်းဆီများရောင်းချရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ဆီလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်ရှိ ဒေသခံပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ဘဲဥနှင့်ဆီဝယ်ယူနိုင်ရေးအတွက် ဘဲဥ ( ၁) လုံးလျှင်( ၃၀၀ိ/-) ကျပ် နှုန်းဖြင့်အလုံး ( ၉၀၀)၊စားအုန်းဆီ( ၁)ပိဿာလျှင် ( ၄၈၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာ( ၂၀၀) ပိဿာတို့အားရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)