MNP ၊ ဇွန် ၆
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မှ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးမျိုးစေ့ထုတ် ၊ စံပြကွက် ၊ စမ်းသပ်ကွက် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မိုးစပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က မိုးစပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၄၂)ဦးသို့ ယူရီးယားဓာတ်မြေဩဇာနှင့် ဆင်းသွယ်လတ် ၊ ဆင်းသုခနှင့် ပေါ်ဆန်းရင်မျိုးစပါးများကိုပေးအပ်ရာ တောင်သူ များကိုယ်စား ဦးလှတင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment