MNP ၊ မေ ၃၁
အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့ ဘဲသောက်ရေကန်ရှိ မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင် သစ်ကိုင်းများအား ပိုင်းဖြတ်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment