MNP ၊ ဇွန် ၁၄
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့ငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည် ၂ နာရီခွဲအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်း ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း (၁၀၀) သို့ ကျောင်းဆောက် ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) အား ဆရာတော်သံဃာတော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ဦးစီးအရာရှိ ဦးစန်နီ နှင့် ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းညို နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သီတာခိုင် ၊ မြို့နယ်တိုင်း ရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေး တို့က ထောက်ပံ့ငွေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment