ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများသည် မိုခါမုန်တိုင်း ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့်ငါးဖမ်းလှေများ၊ပုဇွန်ကန်များနှင့်ပတ်သတ်၍အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများသည် မိုခါမုန်တိုင်း ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့်ငါးဖမ်းလှေများ၊ပုဇွန်ကန်များနှင့်ပတ်သတ်၍အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်





MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းအချိန်က ရသေ့တောင်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမအတွင်း၌မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့်ငါးဖမ်းလှေများ၊ပုဇွန်ကန်များနှင့်ပတ်သတ်၍အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေးငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များကသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။


ဗိုလ်ချုပ်အောင်မျိုးထွန်းက နိုင်ငံတော်၏မူဝါဒအရ မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့်ငါးဖမ်းလှေများ၊ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်းသက်သာစွာဖြင့်ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် ငါးဖမ်းလှေပိုင်ရှင်များ၊ပုဇွန်ကန်ပိုင်ရှင်များအနေနှင့်မိမိတို့၏ ပျက်စီးဆုံးရှုံးမှုများကို အသစ်ပြန်လည်တင်ပြကြရန် နှင့် သက်ဆိုင်ရာကော်မတီများမှလည်းမှန်ကန်မှုရှိရေးအတွက် စိစစ်ဆောင်ရွက်ကြရန်ပြောကြားပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်က  ငါးဖမ်းလှေများ၊ပုဇွန်ကန်များနှင့်ပတ်သတ်၍ ပြန်လည်ပြုပြင်ပြီးနှင့်ပြုပြင်ဆဲ များကိုဆက်လက်တင်ပြရာတွင်စာရင်းဇယားမှန်ကန်ရန် လိုအပ်ကြောင်းသက်ဆိုင်ရာဌာနများထံတွင် တရားဝင်မှတ်ပုံတင်ထားရမည်ဖြစ်ပြီး၊ အခွန်အထောက်အထားများလည်းရှိရမည်ဖြစ်ကြောင်း၊ အုပ်စုဖွဲ့စနစ်ဖြင့်ထုတ်ချေးပေးသွားမည်ဖြစ်ရာ ယခုအချိန်ကစပြီးအုပ်စုဖွဲ့ထားကြရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။


    ဆက်လက်၍ ဒုံးပိုက်ကျေးရွာ ၊ ချိန်ခါလီကျေးရွာ၊ဇီးကိုင်းကျေးရွာ၊ဖြူချောင်းကျေးရွာ ၊ရွှေလောင်းတင်ကျေးရွာတို့မှငါးဖမ်းလှေပိုင်ရှင်များ၊ပုဇွန်ကန်ပိုင်ရှင်များက ဆွေးနွေးတင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)