အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သက်မွေးပညာကာလတို သင်တန်းများတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအောင်မြင်သူများ တက်ရောက်နိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သက်မွေးပညာကာလတို သင်တန်းများတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအောင်မြင်သူများ တက်ရောက်နိုင်


MNP ၊    ဇွန်   ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သက်မွေးပညာကာလတိုသင်တန်းများကို ယခုလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အောင်မြင်သူများ တက်ရောက်နိုင်ကြောင်း သိရသည်။


အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်းများအဖြစ် အခြေခံအုတ်စီနည်းသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအိမ်သုံး လျှပ်စစ်ပစ္စည်း ပြုပြင်ခြင်းသင်တန်း၊ အခြေခံဂဟေဆက်သင်တန်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)မှ သင်တန်းဆရာများက ဇွန် ၂၆ ရက်နေ့က စတင်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၄ နာရီမှ ၆ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ အခြေခံဂဟေဆက်သင်တန်းတွင် (၂)လနှင့် အခြားသင်တန်းများတွင် (၁)လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။


အဆိုပါ သက်မွေးပညာကာလတိုသင်တန်း တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းသားရေးရာ ဌာနတွင် ထုတ်ယူနိုင်ကြောင်း၊ လျှောက်ထားလိုသူများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်နှင့် မှတ်ပုံတင်မူရင်း/မိတ္တူ ပါရှိရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ကျောင်းသားရေးရာဌာန ဖုန်းနံပါတ် ၀၉-၈၉၀၂၅၁၃၄၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး သတ်မှတ်သင်တန်းသားဦးရေ ပြည့်မီသည်အထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)