"ဝ" တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်နေသောအဖွဲ့မှ အဖွဲ့ဝင် ၅ဦးကို တန့်ယန်းမြို့နယ်တွင် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"ဝ" တပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်နေသောအဖွဲ့မှ အဖွဲ့ဝင် ၅ဦးကို တန့်ယန်းမြို့နယ်တွင် ဖမ်းဆီးရမိ


MNP ၊ ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်တွင် "ဝ" တပ်ဖွဲ့ ဝတ်စုံများ ဝတ်ဆင်ပြီး ဓားပြတိုက်နေသော အမျိုးသား ၅ ဦးကို ဇွန်လ ၁၆ ရက်‌က တန့်ယန်းမြို့ပြင် ထင်းရှူးတောတွင် "ဝ"တပ် (UWSA)ရဲ့ ဝတ်စုံများနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓားပြအဖွဲ့သည် "ဝ"တပ်ဖွဲဝတ်စုံများ ဝတ်ဆင်ပြီး ဓားပြတိုက်နေသော ၅ ဦးပါအဖွဲ့ဖြစ်ပြီး ၎င်းတိုထံမှ ဓားနှစ်လက်နဲ့အတူ ပစ္စတိုသေနတ်တစ်လက်၊ UWSA တံဆိပ်ပါ အင်္ကျီတစ်ထည်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်၊ ရပ်ကွက် ၆ ရှိ အဖွားအိုတစ်ဦးကို ဓားနဲ့ ထိုးသတ်ပြီး ဓားပြတိုက်သွားသော အဖွဲ့မှာလည်း ၎င်းတို့အဖွဲ့ပင်ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ဝန်ခံထားသည်။ အဆိုပါဓားပြအဖွဲ့မှာ အဖွဲ့ဝင် ဦးရေ ၄၀ ခန့် ရှိကြောင်းနှင့် ကျန်သူများကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)