ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်




MNP ၊    ဇွန်   ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရုံးတွင်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒါဘာ)ကိုယနေ့ဇွန်လ  ၂၃ ရက် နေ့လည် ၁၂ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပြုလုပ်ခဲ့ပါသည်။


ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကမိမိတို့ရုံးမှာ မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ရာ ဝန်ထမ်းများကတက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်ကြသောကြောင့်ကျေးဇူးတင်ပါကြောင်း၊ လက်ရှိတွင်ရုံးအဆောက်အဦမရှိသော်လည်းအမိုးလန်ကျန်ရှိခဲ့သည့်ကလေးစာဖတ်ခန်းကို ပြုပြင်၍ယာယီရုံးဖွင့်လှစ်ထားရှိပြီး ပျက်စီးစာအုပ်စာရင်းများကောက်ခံရာတွင်လည်း ဝန်ထမ်းများအနေဖြင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေနှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန်ဟောပြောခဲ့ပါသည်။


ဝန်ထမ်းများကပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမည်ဟုတင်ပြဆွေးနွေးကြပြီးဝန်ထမ်းများ၏ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)