၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်တွေမှာ အမေရိကန် ပါဝင်ပတ်သက်ခဲ့သလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်တွေမှာ အမေရိကန် ပါဝင်ပတ်သက်ခဲ့သလား



မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေခြင်းဟာ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီ က CRPH, NUG, PDF အပါအဝင် အမည်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်း လုပ်ဆောင်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

NLD ပါတီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ နောက်မှာ သိသိသာသာ မျက်နှာပြောင်တိုက် ရပ်တည်ပေးတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံပဲ ဖြစ်ပါတယ်။ အကြမ်းဖက်လှုံ့ဆော်သူတွေကို အမေရိကန်နိုင်ငံအတွင်းမှာ ခိုလှုံခွင့်ပေးထားသလို မြန်မာပြည်တွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေတဲ့ အဖွဲ့တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ထိုသို့ အမေရိကန်နိုင်ငံက အကြမ်းဖက်အုပ်စုရဲ့ နောက်ကွယ်မှာ အစဉ်တစိုက် ရပ်တည်ကူညီပေးနေတာနဲ့ ပတ်သက်လို့ နစက သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ မဲမသမာမှုတွေ ဖြစ်ပေါ်တာနဲ့ ပတ်သက်လို့ သံတမန်များကို အကြိမ်ကြိမ် ရှင်းပြခဲ့တာကို သတိပြုမိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ (အမေရိကန်သံရုံး) ကိုရော ဒီအချက်အလက်တွေ မပေးခဲ့လို့များ အမေရိကန်အနေနဲ့ က အကြမ်းဖက်အုပ်စုရဲ့ နောက်ကွယ်က ကူညီပံ့ပိုးပေးနေတာလားပေါ့။

မြန်မာနေရှင်နယ်ပို့စ်အနေနဲ့  သက်ဆိုင်ရာတာဝန်ရှိသူများထံ အောက်ပါ မေးခွန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ် -

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကာလမှ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေစဉ်က တစ်ကြိမ်၊ နောက်တစ်ခါ နစက အကြံပေးအဖွဲ့ဝင်များပါဝင်တဲ့ အဖွဲ့က ရန်ကုန်မြို့မှာ တစ်ကြိမ် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အချက်အလက် မှတ်တမ်းတွေကို သံတမန်များထံ ပေးအပ်ခဲ့တာမျိုး ရှိပါတယ်။

အဲဒီလို ပေးအပ်တဲ့နေရာမှာ အမေရိကန်သံရုံးကို ပေးအပ်ခဲ့ခြင်း ရှိ/ မရှိ သိလိုပါတယ်။ ဒီကာလအတွင်းမှာ အမေရိကန် သံရုံးက မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းခဲ့တဲ့ ပါတီဘက်က တစ်ဖက်သတ် ရပ်တည်နေတာ ဒီအချက်အလက်တွေ မရတဲ့အတွက်ကြောင်းလား ဆိုတာ ရေးသားတင်ပြနိုင်ဖို့အတွက် မေးမြန်းခြင်း ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားထားရာမှာတော့ - 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှု၊ မဲမသာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ၂၇-၈-၂၀၂၁ ရက်နေ့တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၈/၂၀၂၁)တွင် မှားယွင်းတဲ့ မဲစာရင်း Hard Copy၊ Soft Copy များ အပါအဝင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် ညွှန်ကြားချက် မူရင်းတို့ကို နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများအား ရှင်းလင်းပြသခဲ့ကြောင်း ဖြေကြားထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေကြားချက်မှာ "၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု၊ တရားမဲ့ ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ရုရှားဘာသာ၊ ဂျပန်ဘာသာ စသည့် ဘာသာ(၅)မျိုးဖြင့် ရေးသားထုတ်ဝေ၍ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများသို့ ဖြန့်ဝေခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာသံရုံးများသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း" ဖြေကြားထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေကြားချက်ကို အခြေခံပြီး သုံးသပ်ရရင် အမေရိကန်သံရုံးအနေနဲ့လည်း ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု၊ တရားမဲ့ ပြုကျင့်မှုများကို သိရှိပြီး ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ သူတို့ရဲ့ ရုံးသုံးဘာသာစကား အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်ဝေထားပြီး ဖြစ်သလို အမေရိကန်သံရုံးမှာ မြန်မာဝန်ထမ်းတွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် မသိစရာ အကြောင်းမရှိပါဘူး။ အမေရိကန်နိုင်ငံအနေနဲ့ ထောက်လှမ်းရေးအင်အားကလည်း ကောင်းမွန်ပြီးဖြစ်တဲ့အတွက်ကြောင့် နစက မထုတ်ပြန်ခင်ကပဲ ဒီအချက်အလက်တွေ ရပြီးသားအခြေအနေမျိုးလည်း တွက်ဆလို့ ရပါတယ်။ သို့ပေသော် NLD ပါတီ က ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ တသားတည်း ရပ်တည်ပြီး လုပ်ကြံဖန်တီးရေးသား ထုတ်ပြန်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဟာ မျက်နှာပြောင်တိုက်ပြီး အကြမ်းဖက်အားပေး လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ဖြေကြားချက်မှာ -

၉-၉-၂၀၂၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရှင်းလင်းပွဲတွင် မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး သက်သေအထောက်အထား စာရွက်စာတမ်း Hard Copy ၊ Soft Copy တို့ကို ထပ်မံပြသခဲ့ကြောင်း၊ ၈-၂-၂၀၂၂ ရက်နေ့က ရန်ကုန်မြို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအား တွေ့ဆုံရှင်းလင်းပွဲမှာလည်း မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်များပါ ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတစ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနားလည်စေရန် သုံးကြိမ်တိုင်တိုင် ရှင်းလင်းချပြခဲ့တာကို တွေ့မြင်ရပါတယ်။ မဲမသမာမှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထုတ်ဝေထားတဲ့ စာအုပ်ကိုလည်း ဘာသာ(၅)မျိုးနဲ့ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါကိုမှ အမေရိကန် က မသိကျိုးကျွန်ပြုပြီး မဲသမာမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် အာဏာလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ NLD ပါတီကနေ ပေါက်ဖွားလာတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ တသားတည်း ရပ်တည်နေခြင်းဟာ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မှာ မဲမသမာမှုတွေ ဖြစ်ပေါ်အောင် အမေရိကန်က အကြံပြုတိုက်တွန်းခဲ့သလား ဆိုတာ တွေးဆစရာ ဖြစ်လာပါတယ်။ အဲဒီလို ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်ပဲ အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာချိန်မှာ အမေရိကန်ဟာ အဓိက ကျောထောက်နောက်ခံ အဖြစ် ရပ်တည်ပေးနေခြင်းလား ဆိုတာ ပြည်သူများ ရှင်းလင်းစွာ သိမြင်စေဖို့ တာဝန်ရှိသူများကို တိကျအောင် မေးမြန်းပြီး ပြန်လည်တင်ပြပေးရခြင်း ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)